Local News

ယခုရက်ပိုင်း ကုလားပဲစျေးများ အနည်းငယ်မြင့်တက်လာ

Last Updated:

ကုလားပဲအုပ်စုသည် ပြည်တွင်းစားသုံးမှုများသည့် ပဲအမျိုးအစားဖြစ်သည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအားမှာ ပုံမှန်လောက်သာ ရှိနေပါသည်။ ယခုအခါ ပို့ကုန်ပဲများ စျေးမြင့်တက်လာ သလို ပြည်တွင်းသုံးကုလားပဲ အုပ်စုများလည်း လှောက်လက်သမားများမှ ဝယ်လိုအားရှိနေတဲ့ အတွက် ယခုရက်ပိုင်း စျေးအနည်းငယ် မြင့်တက်လာသည်။

ကုလားပဲသည် ယခုရာသီတွင် အလှူအတန်းများ၌ အသုံးများသလို ပဲခွဲစက်၊ ပဲမှုန့်ကြိတ်စက် များမှလည်း ဝယ်ယူမှုများရှိနေတဲ့အတွက် အရောင်းအဝယ်သွက်နေတဲ့ ကာလဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ကုလားပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၈၀၀၀၀)အထိ စျေးကျဆင်းနေရာမှ ယခုလဧပြီလ ဒုတိယပတ်တွင် ကုလားပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် (၈၇၅၀၀) အထိ စျေးပြန်လည်မြင့်တက်လာတဲ့အတွက် ကုလားပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် (၇၅၀၀) အထိ စျေးမြင့် တက်လာသည်ကို အောင်လံကုန်စည်ဒိုင် စျေးနှုန်းသတင်းများအရ သိရှိရသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News