Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၌ နှံစားပြောင်းသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိရာ စီးပွား ဖြစ် ဝင်ငွေတိုးသော နှံစားပြောင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း၌ နှံစားပြောင်းစိုက်ဧက စုစုပေါင်း ၄၂၀၅ ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်၌ ၂၈၄၁ ဧက၊ မြစ်သားမြို့နယ်၌ ၁၃၆၄ ဧကဖြင့် စိုက်ပျိုးနိုင်ခဲ့ကာ ကျောက်ဆည်မြို့နယ်၌ ၈၀၁ ဧက ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ နှံစားပြောင်းကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုး သော မျိုးမှာ ထွက်တိုးနီမျိုးဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၂၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၃၅-၄၀ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ပထမပတ်တွင် တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ဧကလျှင် ငွေကျပ် ၉၅၀၀၀၀ ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစားအစာများဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း အခင်းပြတ်ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

 

Category: Local News