Local News

ပြည်တွင်းသုံးပဲများ အရောင်းအဝယ်သွက်နေ

Last Updated:

မန္တလေးဈေးကွက်တွင် ပြည်တွင်းသုံးပဲများဖြစ်သည့် ပဲကြီး၊ ပဲထောပတ်၊ ပဲနီပြား၊ ပဲဇီး ကွက် နှင့် စွန်တာပြာပဲများ ဈေးကွက်ဝင်ရောက်မှုမရှိသော်လည်း လက်ကျန်ပဲများ ပေါက်ဈေး နှင့် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ ပဲကြီး ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်/ယခင်တစ်ပတ် ကျပ် ၂၅၀၀၀၀ မှ ၂၆၀၀၀၀၊ ယခင်တစ်လ ကျပ် ၂၅၀၀၀၀ မှ ၂၇၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။ ပဲနီပြား ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၅၀၀၀၀မှ ၄၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၄၀၀၀၀ မှ ၄၅၀၀၀၀၊ ယခင်လ ကျပ် ၃၇၀၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၈၀၀၀၀ မြင့်တက် လာသည်။ ပဲထောပတ် ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၃၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၄၂၀၀၀၀၊ ယခင်လ ကျပ် ၄၃၀၀၀၀မှ ၄၄၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ နိမ့်ကျလာသည်။

ပဲဇီးကွက် ၅၈.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၉၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၂၀၀၀၀၊ ယခင်လကျပ် ၂၄၅၀၀၀မှ ၂၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၂၀၀၀ ဈေးကျလာပြီး၊ ယခင်လထက်ကျပ် ၄၃၀၀၀ မှ ၅၃၀၀၀ မြင့်တက်လာသည်။ စွန်တာပြာ (ကသဲ) ၅၈.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၀၀၀၀ မှ ၂၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀မှ ၂၇၀၀၀၀၊ ယခင်လကျပ် ၂၀၀၀၀၀မှ ၂၁၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀၊ ယခင်လထက် ကျပ် ၅၀၀၀၀ မြင့်တက် လာသည်။ စွန်တာပြာ (ရိုးရိုး) ၅၈.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်/ယခင်တစ် ပတ် ကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လ ကျပ် ၁၈၅၀၀၀မှ ၁၉၅၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News