Local News

မော်လမြိုင်ကျွန်းမြို့နယ်ထွက် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ‌မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်သောကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာနွယ်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသထွက်ကွမ်းရွက်များကို ဩဂုတ်လပထမပတ်မှ ၁၅ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းမွန်လာခြင်းကြောင့် အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသထွက်ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ထိ အ‌ရောင်းအဝယ်‌ကောင်းမွန်နေကြောင်း သိရသည်။

“လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်ထွက် ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ ကွမ်းတွေကို ဒေသဈေးကွက်အပြင် ဘိုကလေးနဲ့ အခြားမြို့တွေကို မှာယူမှုအားကောင်းနေလို့ အရောင်းအဝယ်‌ကောင်းနေတာပါ။ မော်လမြိုင်ကျွန်းမြို့နယ်ထွက် ကွမ်းရွက်တွေကို အရောင်းအဝယ်သမားတွေက မှာယူတဲ့ဒေသထိ လိုက်လံပို့ပေးတာပါ။ ကွမ်းတွေကို မှာယူတဲ့ဒေသအရောက်ပို့ရတာ အခက်အခြမရှိပါဘူး” ဟု မော်မြိုင်ကျွန်းမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာနွယ်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်များသည် ဒေသထွက်ကွမ်းရွက်များကို အခြားဒေသများသို့ စနစ်တကျထုပ်ပိုးပြီး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကွမ်းရွက်များ အရောင်းအဝယ်အားကောင်းလာသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News