Local News

မန္တလေးဈေးကွက်တွင် ထောပတ်ပဲ ဈေးဆက်တိုက်မြင့်တက်လာမှုအခြေအနေ

Last Updated:

မေလဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲလက်ကျန်နည်းနေပြီး ပြည်ပဝယ်ယူမှုရှိ၍ ဈေးဆက်တိုက်မြင့်လာကြောင်းသိရသည်။ ပြည်တွင်းနေ့စဉ်စားသုံးမှုတွင် စားတော်ပဲပြုတ်ပြီးလျှင် ထောပတ်ပဲပြုတ်သည်စားသုံးမှု အများဆုံးဖြစ်သည်။ ထောပတ်ပဲ စတင်ထွက်ပေါ်သည့်အချိန်တွင် အစိုအတိုင်းစားသုံးခြင်း၊ ပဲကြော်၊ ပဲလှော်အဖြစ် အသုံးပြုခြင်းတို့ ကြောင့် ထောပတ်ပဲသည် ဈေးကွက်ရှိသည့် ပဲတစ်မျိုးဖြစ်သည်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ထောပတ်ပဲကိုအရွယ်အစား အရည်အသွေးအလိုက် အကြီး၊ အလတ်၊ အသေးဟူ၍ ဈေးဖွင့် ရောင်းဝယ်နေကြပြီး အလတ်အရွယ်အစားသည် ပြည်ပဈေးကွက်ရှိသည့်အခါတွင် ဈေးအမြင့်ဆုံးရရှိကြောင်း သိရသည်။

ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ကျပ် ၃၈၅၀၀၀ မှ ၃၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၀၀၀၀ မှ ၃၅၅၀၀၀၊ ယခင်လ ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၅၀၀၀၊ ယခင်လထက် ကျပ် ၄၀၀၀၀ မှ ၅၅၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ(လတ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၆၅၀၀၀  မှ ၃၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀  ၊ ယခင်လ ကျပ် ၃၅၀၀၀  မှ ၄၅၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ(သေး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၃၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၃၅၀၀၀၊ ယခင်လ ကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ၊ ယခင်လထက် ကျပ်  ၆၅၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News