Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံ အဝင်နည်း၍ဈေးမြင့်လာမှုအခြေအနေ

Last Updated:

မေလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ဆောင်းနှမ်းလက်ကျန် နည်းနေပြီး၊ နွေနှမ်းကလည်း ဈေးကွက်ထဲ ဝင်ရောက်မှုမရှိသေးခြင်း၊ တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ ဆီစက်ပိုင်များမှ အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် နှမ်းဈေးမြင့်တက်လာကြောင်း သိရသည်။ အမျိုးအစားအလိုက်နှင့် အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်  အနိမ့်ဆုံး ကျပ် ၅၀၀၀ မှ အမြင့်ဆုံး ၄၀၀၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၀၀၀၀၀ မှ ၄၂၀၀၀၀  ယခင်တစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၄၁၅၀၀၀၊ ယခင်လကျပ်  ၃၆၅၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၄၀၀၀၀၊ ယခင်လထက် ၂၀၀၀၀ မှ ၃၅၀၀၀ မြင့်တက် လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၅၀၀၀ မှ ၃၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၅၀၀၀ မှ ၃၉၀၀၀၀၊ ယခင်လကျပ် ၃၇၀၀၀၀ မှ ၃၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ မှ ၁၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၁၅၀၀၀ မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၀၀၀၀၀ မှ ၄၂၀၀၀၀၊ ယခင်လကျပ် ၄၀၀၀၀၀ မှ ၄၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၁၅၀၀၀  မြင့်တက်လာသည်။

နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၀၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်လကျပ် ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက်ကျပ်  ၁၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News