Local News

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ပဲစင်းငုံနီစိုက်ပျိုးရာဒေသများဖြစ်ကြသော မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပေါက်မြို့များအပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကံတော်၊ ကံလှ၊ ဒဟက်ခြောက်၊ ချောက်ကန်အုပ်စုဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ လက်ပံကန်၊ ကိုးပင်နှင့် ကိုင်းအုပ်စုရှိကျေးရွာများ၊ အင်ပင်ကျေးရွာများမှ သက်လတ်ပဲစင်းငုံနီများထွက်ရှိလျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် မြို့၏စီးပွားရေးအချက်အချာကျ၍ နေရာဒေသပေါင်းစုံဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိနယ်များ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးနယ်များမှ ထွက်ရှိသော ပဲစင်းငုံနီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပဲစင်းငုံနီဈေးနှုန်းများသည် မတ်လ(ပထမပတ်)တွင် ပြန်လည်မြင့်တက်လာပါသည်။ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၁၅၆၀၀)ရှိခဲ့ပြီး မတ်လ(၁)ရက်နေ့မှစ၍ ပဲစင်းငုံနီဈေးသည် တစ်တင်းလျှင် ကျပ် (၁၁၉၀၀၀)မြင့်တက်နေပါသည်။ မတ်လ (ပထမပတ်)တွင် ပဲစင်းငုံနီဒိုင်ပြတ်ဈေးမှာ တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၂၅၀၀၀)ဈေးနှုန်းဖြင့် နေ့စဉ်အိတ်ရေ (၅၀၀မှ ၂၀၀၀)ကျော်ထိအရောင်းအဝယ်ဖြစ်လျက်ရှိပြီး တင်ပို့မှုအနေဖြင့်  ရန်ကုန်ရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်ပနိုင်ငံများသို့လည်းတင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News