Local News

တောင်တွင်းကြီးမြို့နယ်၌ ကုလားပဲစိုက်ပျိုးသူများ စျေးကောင်းရ၍ အဆင်ပြေလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ကုလားပဲများကို စတင်ရိတ်သိမ်းချွေလှေ့ရောင်းချလျက်ရှိရာ စျေးနှုန်းကောင်းမွန်သဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။

ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဟော်လန်ကုလားပဲ (ခေါ်) အလုံးကြီးမျိုးများကို အများအပြားစိုက်ပျိုးကြပြီး ကုန်စည်ဒိုင်တွင် ယခင်နှစ်ထက် ယခုနှစ်တွင် ကုလားပဲစိုက်ပျိုးတောင်သူများ တစ်ဆပို၍ စျေးကောင်းပိုမိုရရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဟော်လန်ကုလားပဲ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၆၀၀၀)၊ ဗမာကုလားပဲ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၆၂၀၀၀) နှင့် ၂၀၂၄ခုနှစ်၊ မတ်လ (ပထမပတ်)တွင် ဟော်လန်ကုလားပဲ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၆၀၀၀)၊ ဗမာကုလားပဲ(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၈၄၀၀၀)တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

ကာလတူ နှစ်(၂)နှစ်ကိုနှိုင်းယှဉ်ပါက ယခုနှစ်၊ မတ်လ (ပထမပတ်) တွင် ဟော်လန်ကုလားပဲ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၂၀၀၀၀)၊ ဗမာကုလားပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၂၂၀၀၀) စျေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေပြီး ကုလားပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် တောင်တွင်းကြီးမြို့နယ်အနေဖြင့် ကုလားပဲစိုက်ဧက (၇၂၃၅)ဧကရှိကြောင်း စိုက်ပျိုးရေးဌာနမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News