Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ထောပတ်ပဲဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ထောပတ်ပဲဖြူ(အပြားကြီး)များ ဝယ်ယူမှုကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက‌ ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင်း ယခုနှစ် မေလပထမပတ်မှ စတင်ကာ ထောပတ်ပဲဖြူ (အပြားကြီး) များ ဝယ်ယူမှုကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထောပတ်ပဲဖြူ(အပြားကြီး)များကို ဝယ်ယူမှုကောင်းလာခြင်းသည် ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှု‌ကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲဖြူ(အပြားကြီး)တွေ ဝယ်ယူမှုအားကောင်းနေပါတယ်။ အခုလ ပထမပတ်လောက်ကနေ ဝယ်ယူမှုကောင်းလာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်က ထောပတ်ပဲဖြူ(အပြားကြီး) တွေ ဝယ်ယူမှုများနေလို့ အရောင်းအဝယ်‌ကောင်းနေပါတယ်။ ထောပတ်ပဲဖြူ(အပြားကြီး)တွေ အရောင်းအဝယ်ကောင်းမွန်လာတော့ ထောပတ်ပဲဖြူကို သိုလှောင်ထားတဲ့သူတွေ အဆင်ပြေလာပါတယ်” ဟု ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲဖြူ(အပြားကြီး) ၁၆ ပြည်ဝင် တစ်အတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ထောပတ်ပဲ(အပြားကြီး) များ ဝယ်ယူမှုကောင်းလာခြင်းကြောင့် ပဲသိုလှောင်ထားသည့် ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News