Local News

ပြည်ပကဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်တွင် ထောပတ်ပဲအရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Last Updated:

ပြည်ပကဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်တွင် ထောပတ်ပဲအရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း၊ ပွဲစားကုန်သည်စက်ပိုင်များကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ထောပတ်ပဲ ကို ယခင်က ကုန်သည်များက ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့်အပြင် ပြည်ပနိုင်ငံများ ကလည်း ဝယ်ယူမှုများပြားလာကြောင်း သိရသည်။

“ ထောပတ်ပဲက မန္တလေးဈေးကွက်အတွင်းမှာတော့ အဝယ်လိုက်တဲ့ ကုန်စည်ထဲမှာတစ်ခု အပါအဝင် ဖြစ်ပါသည်။ အခုလတ်တလော ထောပတ်ပဲကို မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်က တော်တော်လေးကောင်းလာပါတယ်။ တရုတ်နိုင်ငံဘက်ကလဲ ထောပတ်ပဲဝယ်ယူမှုပြန်ပြီး များလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ဈေးကွက်အတွင်း၌ ထောပတ်ပဲအရောင်းအဝယ်ကောင်းမွန်ခြင်းကြောင့် ယနေ့တွင် ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ထောပတ်ပဲကို အဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးများမှာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။ ထောပတ်ပဲက ပြည်တွင်း ဈေးကွက်ထဲမှာလဲ အရောင်းအဝယ်ကောင်းနေတယ်။ နောက်ပိုင်း ထောပတ်ပဲအရောင်းအဝယ်ဒီထက်ပိုပြီး ကောင်းမွန်လာမဲ့ အနေအထားမှာရှိနေပြီး ပြည်ပနိုင်ငံတွေကလဲ ဝယ်ယူမှုတွေ ပိုပြီးများလာနိုင်ပါတယ်ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News