Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပိန်းဥပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပိန်းဥပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုးက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ပိန်းဥ ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ပိန်းဥပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ နိုဝင်ဘာလအတွင်း ပိန်းဥပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ကျိုက်လတ်မြို့နယ်ကနေ တင်ပို့ခဲ့တဲ့ ပိန်းဥတွေက အရည်အသွေးကောင်းမွန်တယ်။ ဒေသထွက် ပိန်းဥတွေကို ရန်ကုန်ဈေးကွက်ဝယ်လက်တွေက ဝယ်ယူမှုများနေလို့ တင်ပို့မှုကောင်းခဲ့တာဖြစ်ပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ပိန်းဥ ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ပိန်းဥများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်နေကြောင်း ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးအေးထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News