International News

ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာတင်ပို့မှု တိုးတက်လျက်ရှိ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် သဘာဝရော်ဘာစေး (Natural Rubber Latex) ၁၇၃၉၁၅ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် ၁၇၀၉၆၈ တန်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပမာဏအနည်းငယ် တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာအထွေထွေ ညွှန်ကြားမှု ဦးစီးဌာန၏ ၁၁-၈-၂၀၂၄ ရက်နေ့ အစီရင်ခံစာအရ သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခု နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၆၉ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၃ သန်းနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် ရော်ဘာစေး တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းမှာ ၁၅၄၇ ဒေါ်လာဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၁၄၇ ဒေါ်လာခန့် ပိုမိုကြောင်း ရော်ဘာ အထွေထွေညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က အစီရင်ခံစာတွင် ပြောကြားထားချက်အရ သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှ ရော်ဘာကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း၊ ရော်ဘာစိုက် ဧရိယာသည် ၄၀၇၁၇၂ ဟက်တာရှိပြီး ၎င်းအနက် ၃၂၀၁၈၄ ဟက်တာ သို့မဟုတ် ၇၈  ဒသမ ၆ ရာခိုင်နှုန်းရှိသော ရော်ဘာပင်များသည် ရော်ဘာအစေးခြစ်ရန် အရွယ်ရောက်သောအပင်များဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 12 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News