Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဇီယာဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဇီယာဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၈၀၀၀ ထိ  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဇီယာဆန် ၂၄ ပြည်ဝင် အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ဇီယာဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဇီ ယာဆန် ၂၄ ပြည်ဝင်အိတ်ရေ အများအပြား ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဇီယာဆန် အမျိုးအစားက စားကောင်းတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီဆန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားများနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ အခြားဆန်တွေနဲ့ယှဉ်ရင် ဇီယာဆန်အမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဇီယာဆန် တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဇီယာဆန်အိတ်များကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News