Local News

ဧည့်မထဆန်(ဟောင်း)ဈေးကျဆင်း၍ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ ဈေးများမြင့်တက်လာ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၄.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၅၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၈၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၁.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၈၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၅၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ် အိတ် ၅၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။ 

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀ဝကျပ် ဈေးကျဆင်းခဲ့ပြီး ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ် အိတ် ၂၀၀ဝကျပ်နှင့် ဆန်ကွဲ B (2,3,4) တစ်အိတ် ၁၀၀ဝကျပ် တို့ဖြင့် ဈေးမြင့်တက်ခဲ့ပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ဖွဲနုဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထ ဆန်(မနောသုခ)(ဟောင်း) ဈေးကျဆင်းသွားခြင်းမှာ ဆန်သစ်များပေါ်လာခြင်း၊ ဝယ်လိုအား နည်း ခြင်းကြောင့် ဈေးကျဆင်းသွားပြီး ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B (1,2)နှင့် ဆန်ကွဲ B(2,3,4) ဈေးမြင့် တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်ခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News