Local News

မြစ်ကြီးနားမြို့၏ ဆန်ဈေးနှုန်းများ

Last Updated:

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိဈေးများတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဝင်ရောက်လာသည့် အောက်ပိုင်းဆန်များနှင့် ဒေသတွင်းထွက်ရှိသည့်ဆန်များကို စားသုံးသူများ၏လိုအပ်ချက်အရ အရောင်းအဝယ်လိုက်လျက်ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်အိတ် ၁၆၇၀၀၀ ကျပ်၊ လုံးသွယ်မွှေး တစ်အိတ် ၁၃၈၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်အိတ် ၁၁၆၀၀၀ ကျပ်၊ စောရှုတ် တစ်အိတ် ၁၀၉၀၀၀ ကျပ်၊ ဧရာမင်း တစ်အိတ် ၁၁၀၀၀၀ ကျပ်၊ မှော်ဘီ တစ်အိတ် ၈၈၀၀၀ ကျပ်၊ မနောသုခ တစ်အိတ် ၉၆၀၀၀ ကျပ်၊ (၇၀၀)ဘို တစ်အိတ် ၉၃၀၀၀ ကျပ်၊ ငွေတိုး တစ်အိတ်  ၉၂၀၀၀ကျပ်၊ ဆင်း(၃)တစ်အိတ် ၈၃၀၀၀ ကျပ် စျေးစသည်ဖြင့်အမျိုးအစားအလိုက် ဈေးနှုန်း ကွာခြားမှုများရှိကြောင်း သိရှိရပါသည်။

ဆန်ဈေးနှုန်းများသည် အများအားဖြင့် မိုးစပါးစတင်ထွက်ပေါ်လျက်ရှိသည့် နိုဝင်ဘာလဆန်းမှ စတင်၍ ကျဆင်းလျက်ရှိပြီး မတ်လဆန်းများတွင် ဈေးနှုန်းပြန်တက်လေ့ရှိကြောင်း သိရှိရ ပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News