Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်း ပြည်ပမှဝယ်ယူမှုရှိ၍ဈေးမြင့်လာ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ လားရှိုး နှင့် မုံရွာ၊ မြင်းခြံဒေသဘက်တို့မှ ကျွန်းစိုက်ပြောင်းဖူးစေ့များ ဝင်ရောက်လျက်ရှိနေသည်။ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှုများပြီး၊ အိန္ဒိယဈေးကွက်သို့ ချဲ့ထွင်တင်ပို့ နေသောကြောင့် ပြောင်းဈေး မြင့်တက်လာကြောင်း၊ မွေးမြူရေးအစာတောင့် စက်ရုံများမှလည်း ပုံမှန်ဝယ်ယူမှုရှိ ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ် ယခုအပတ် ကျပ် ၇၂၀၀၀ မှ ၇၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၉၀၀၀ မှ ၆၈၀၀၀၊ ယခင်လ ကျပ် ၅၈၅၀၀ မှ ၅၇၀၀၀ ဖြစ်သည်။  ယခင် အပတ်ထက် ကျပ် ၃၀၀၀၊ ယခင်လထက် ကျပ် ၁၃၅၀၀ မှ ၁၄၀၀၀ မြင့်တက်လာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုအပတ် ကျပ် ၇၂၀၀၀ မှ ၇၁၀၀၀၊ ယခင်အပတ် ကျပ် ၆၉၀၀၀ မှ ၆၈၀၀၀၊ ယခင်လ ကျပ် ၅၈၅၀၀ မှ ၅၇၀၀၀ ဖြစ်သည်။   ယခင်အပတ်ထက်ကျပ် ၃၀၀၀ ၊ ယခင်လထက်ကျပ် ၁၃၅၀၀  မှ ၁၄၀၀၀ မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုအပတ် ကျပ် ၆၉၀၀၀ မှ ၆၈၀၀ ၊ ယခင်အပတ် ကျပ် ၆၆၀၀၀ မှ ၆၅၀၀၀၊ ယခင်လ ကျပ် ၅၆၀၀၀ မှ ၅၅၀၀၀ ဖြစ်သည်။ ယခင်အပတ်ထက် ကျပ် ၃၀၀၀ ၊ ယခင်လထက်ကျပ် ၁၃၀၀၀  မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး    

Category: Local News