Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးများ ယခင်တစ်ပတ်ထက်ဈေးအေးလာ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိရာ ကုလားပဲဈေးကွက်မှာ အနည်းငယ် ဈေးအေးလာကြောင်းသိရသည်။ ပြည်တွင်း စက်ပိုင်လှောင်လက် ဝယ်ယူမှုအေးခြင်းနှင့် ပြည်ပတင်ပို့မှု အေး၍ဈေးအေးနေကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၅၄၀၀၀ မှ ၂၅၃၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၅၈၀၀၀ မှ ၂၅၆၀၀၀၊ ယခင်လကျပ် ၂၄၈၀၀၀ မှ ၂၄၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀ မှ ၄၀၀၀  နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၆၀၀၀ မှ ၇၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၆၄၀၀၀ မှ ၂၆၃၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၆၇၀၀၀၊ ယခင်လကျပ် ၂၆၀၀၀၀ မှ ၂၅၇၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၄၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၄၀၀၀ မှ ၆၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၃၅၀၀၀ မှ ၂၃၄၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၉၀၀၀ မှ၂၃၈၀၀၀ ၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၂၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ မှ ၇၀၀၀  မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၄၄၀၀၀ မှ ၂၄၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၄၈၀၀၀ မှ ၂၄၅၀၀၀၊ ယခင်လ ကျပ် ၂၄၀၀၀၀ မှ ၂၃၉၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၄၀၀၀ နိမ့်ကျလာပြီး ၊ယခင်လထက် ကျပ် ၄၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး       

Category: Local News