Local News

ပြည်ပဈေးကွက်သို့ ရွှေပိတောက်ငါးဈေးကြီးမှ ရေထွက်ကုန်များ နေ့စဉ်တင်ပို့

Last Updated:

ရန်ကုန်မြို့တွင် ရေထွက်ကုန်များ အဓိကဖြန့်ဖြူးရာ ရွှေပိတောက်ငါးဈေးကြီးမှ ပြည်ပဈေးကွက်သို့ ရေထွက်ပစ္စည်းများ နေ့စဉ် တင်ပို့လျက်ရှိကြောင်း သိရသည်။ “ဈေးကို တစ်ရက်ရေချိုထွက်ကုန် ကုန်ချိန်က သုံးသိန်းခန့် ဝင်ပါတယ်။ ဒီရေချိုထွက်ကုန်တွေကို ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို တင်ပို့ပါတယ်” ဟု ရွှေပိတောက်ငါးဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။ လက်ရှိဆောင်းဦးကာလသည် ငါးကန်ဖော် ချိန်ဖြစ်၍ ရေချိုထွက်ကုန်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ တီလားပီးယား၊ ငါးခုံးမ၊ ငါးမုတ်၊ ငါးပြေမ၊ ငါးခူ၊ ငါးကျဉ်း၊ ငါးရံ့၊ ငါးပနော်၊ ငါးဖယ်၊ ပုစွန် အပါအဝင် ရေထွက်ကုန်အမျိုးအစား ၃၀ ခန့် ဝင်ရောက်မှုရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News