Local News

မကွေးမြို့၌ ဩဂုတ်လ(တတိယပတ်)အတွင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းအနည်းငယ်မြင့်တက်

Last Updated:

မကွေးတိုင်းဒေသကြီးသည်  နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ၊ နေကြာ၊ ဝါ၊ စပါး၊ ပြောင်း စသည့်တို့ကို နှစ်စဉ် စိုက်ပျိုးလျက်ရှိ၍ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် လိုအပ်သည့် သွင်းအားစု(ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး)များလည်း သုံးစွဲကြကြောင်း သိရသည်။ မကွေးမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း ဓာတ်မြေဩဇာဈေးကွက်မှာ ဈေးနှုန်းအနည်ငယ်မြင့်တက်၍ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး ကွန်ပေါင်းအုပ်စုများဖြစ်သည့် တက်တိုးမြေဩဇာတစ်အိတ်လျှင် ကျပ် (၉၈၅၀၀)၊ အာမိုအပြာ(15:15:15)တစ်အိတ်လျှင် ကျပ်(၉၈၅၀၀)၊ အာမိုအနက် (16:16:8) တစ်အိတ် လျှင် ကျပ်(၁၆၁၀၀၀)၊ အာမိုအစိမ်း တစ်အိတ်လျှင် ကျပ်(၉၁၀၀၀)နှင့် သီးစုံ(ဝါ၊ စိမ်း၊ ပြာ) တစ်အိတ်လျှင် ကျပ်(၈၉၀၀၀)နှင့် ဇာမဏီတစ်အိတ်လျှင် ကျပ်(၉၂၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပုလဲပန်းဘူး(ဖြူ) တစ်အိတ်လျှင် ကျပ်(၇၉၈၀၀)၊ ပုလဲရွှေတောင် တစ်အိတ်လျှင် ကျပ်(၇၉၅၀၀)နှင့် ကောမတ် G 46% (ပုလဲ) တစ်အိတ်လျှင် ကျပ် (၇၉၈၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပရိုမက်တင် ၅၁.၈ EC (50cc) တစ်ဘူးလျှင် ကျပ် (၂၃၅၀၀)၊ ဆလက်ပက်(စ်) (50cc) တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဖို(စ်)တင်း EC (50cc) တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ ဇွန်ဘီ (100g) တစ်ဘူးလျှင် ကျပ်(၁၂၀၀၀)၊ အဆီဖိတ် (250g) တစ်ထုပ်လျှင် ကျပ်(၁၂၈၀၀)၊ ဇိုင်ကလုန်း (250cc) တစ်ဘူးလျှင် ကျပ်(၁၁၅၀၀)နှင့် မက်ဆိုက်ပါ (250cc) တစ်ဘူးလျှင် ကျပ်(၁၁၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရာသီဖြစ်သောကြောင့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News