Local News

မကွေးမြို့တွင် နှမ်းထွက်ပေါ်ရာသီဖြစ်၍ မကွေးဈေးကွက်၌ နှမ်းများနေ့စဉ်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိဈေးကွက်သို့ ကျေးရွာများနှင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မိုးနှမ်းများရိတ်သိမ်းပြီးဖြစ်၍ နေ့စဉ်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ငွေကျပ်(၁၅၀၀၀၀)၊ နှမ်းဖြူ(ခြုံ) တစ်တင်းလျှင် ငွေကျပ်(၁၄၃၀၀ဝ)၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၁၃၈၀၀၀)၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ်(၂၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လ(တတိယပတ်)အတွင်း တင်းပေါင်း (၂၉၃၉၅၀)တင်း၊ (၄၈၀)တန် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းလှော်ဖိုများက ဝယ်ယူမှုရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတဆင့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

ဩဂုတ်လ(ဒုတိယပတ်)နှင့်(တတိယပတ်)အတွင်း ဈေးနှုန်းများ နှိုင်းယှဉ်ပါက ယခုတပတ်အတွင်း နှမ်းဖြူ (ဂျပန်) တစ်တင်းလျှင် ငွေကျပ်(၇၀၀ဝ)၊ နှမ်းဖြူ(ခြုံ) တစ်တင်းလျှင် ငွေကျပ်(၅၀၀ဝ)၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၃၀၀ဝ)၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ်(၁၅၀၀ဝ)ဖြင့် ဈေးနှုန်း မြင့်တက်လာကြောင်း၊ ရာသီဥတုမမှန်မှုကြောင့် အထွက်နှုန်းလျော့နည်းခြင်းနှင့် ပြည်ပဝယ်လိုအားကောင်းခြင်းတို့ကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

Source: https://www.doca.gov.mm

Category: Local News