Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၁၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၁၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက မနောသုခဆန် ၂၄ ပြည်ဝင် အိတ်ရေ ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း မနောသုခဆန်အမျိုးအစားတင်းရေ ၇၁၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဆန်အမျိုးအစားသည် ဆန်ကြမ်းအုပ်စုတွင် ပါဝင်သည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဓနုဖြူမြို့နယ်ကနေ မနောသုခဆန် တင်းရေတော်တော်များများ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဓနုဖြူမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို့ အများဆုံးတင်ပို့ရောင်းချနေပါတယ်။ မနောသုခ စပါးအမျိုးအစားက ဆန်အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားဆန်အိတ်တွေနဲ့ယှဉ်ရင် ပြီးခဲ့တဲ့တစ်လအတွင်းမှာကော လတ်တလောအနေနဲ့ပါ ဒီစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ ဆန်အိတ်တွေကို ကုန်းလမ်းက အဓိကထား တင်ပို့ရောင်းချနေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၁၀ အိတ်လျှင် ငွေကျပ် ၉၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် တောင် သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချအလုပ်သမား၊ ကုန်တင်ယာဉ်အငှားလိုက်သည့်လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News