Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် အာလူးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါအာလူးများ ဩဂုတ်လပထမပတ်မှစတင်ပြီး အရောင်းအဝယ်ကောင်းလာပြီး လက်ရှိအာလူးပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို အာလူးတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီနှစ် အာလူးတွေအထွက်နည်းနေပါတယ်။ ဒါကြောင့်လဲ အာလူးက လက်ရှိအရောင်း အဝယ်ကောင်းနေပါတယ်။ လက်ရှိအာလူးပိဿာချိန် ၁၀၀ အထက်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝင်ရောက်လာတဲ့ အာလူးတွေက လတ်ဆက်ပြီး အရည်အသွေးကောင်းပါတယ်” ဟု မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ မအူပင်မြို့နယ်တွင် ယခုလက်ရှိ အာလူးပိဿာချိန် ၁၀၀ ထိ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးများအရောင်းအဝယ်ကောင်းနေခြင်းကြောင့် အာလူးစိုက်ပျိုးသူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News