Local News

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ပဲစောင်းလျားသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

Last Updated:

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲစောင်းလျား သီးနှံကို စီးပွားဖြစ် စိုက်ပျိုးလာကြပြီး အောက်တိုဘာလတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ထိုင်ဝမ်မျိုးများကို မြေ အောက်ရေတင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် အလုပ်အမားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ မြေအမျိုးအစား၊ သီးနှံအောင်မြင်ဖြစ်ထွန်းမှုနှင့် သွင်းအားစုသုံးစွဲမှုအပါ်မူတည်၍ အထွက်နှုန်းများကွားခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နှင့် ချောက်မြို့တို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲစောင်းလျားသီးနှံများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News