Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ရွှေသွယ်ရင် စပါးတင်းရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတို်ငး‌ဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ရွှေသွယ်ရင်စပါးအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရွှေသွယ်ရင်စပါးတင်းရေ ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ရွှေသွယ်ရင်စပါးတင်းရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရွှေသွယ်ရင်စပါးတင်းရေ အများအပြား ဖျာပုံမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ရွှေသွယ်ရင်စပါးအမျိုးအစားက ဆန်ကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ ရွှေသွယ်ရင်စပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ တခြားစပါးတွေနဲ့ယှဉ်ရင် ပြီးခဲ့တဲ့ တစ်လအတွင်းမှာကော၊ လတ်တလောအနေနဲ့ပါ ဒီစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ စပါးတွေကို ကုန်းလမ်းနဲ့ရေလမ်း အဆင်ပြေသလိုပဲ တင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ရွှေသွယ်ရင်စပါး အမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၅၀၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News