Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း နှင့် ပဲစင်းငုံ ပြည်ပအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

မေလတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ လက်ကျန်နည်းနေပြီး၊ ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ပို့ကုန်ပဲဖြစ်သော ပဲတီစိမ်းနှင့် ပဲစင်းငုံမှာ ပြည်ပအဝယ်လိုက်လာသောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေး ကုန် စည်ဒိုင်ဈေးကွက်မှ သိရသည်။

ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၄၁၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၄၀၅၀၀၀၊ ယခင်လ ကျပ် ၃၉၇၀၀၀ မှ ၃၉၈၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ် ၅၀၀၀ ၊ ယခင်လထက် ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း (အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၈၅၀၀၀ မှ ၁၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၈၀၀၀၀ မှ ၁၈၅၀၀၀၊ ယခင်လ ကျပ် ၁၄၅၀၀၀ မှ ၁၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News