Local News

ပို့ကုန်ပဲများစျေးတက်

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ စျေးအနည်းငယ်စီ မြင့်တက်လျှက်ရှိပါသည်။ ကုလားပဲအုပ်စုမှာလည်း ပြည်တွင်းစားသုံးမှုရှိတဲ့အတွက် ပို့ကုန်ပဲများနည်းတူ လိုက်၍တက်နေတာကိုတွေ့ရပြီး ပဲကြီးသီးနှံကတော့ စျေးကျလျှက်ရှိသည်။ ပဲစင်းငုံနှင့်မတ်ပဲကို အိန္ဒိယနိုင်ငံမှဝယ်လိုအားရှိနေပြီး ပဲတီစိမ်းကိုတော့ တရုတ်နိုင်ငံမှဝယ်လိုအားရှိနေခြင်းကြောင့် စျေးအနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။ 
မေလပထမပတ်တွင် ပဲစင်းငုံ(နီ) ၂၀ပိဿာတစ်တင်း ကျပ်(၁၂၉၀၀၀)၊ မတ်ပဲ၂၀ ပိဿာ တစ်တင်း ကျပ် (၉၇၅၀၀)၊ ပဲတီစိမ်း ၂၀ ပိဿာတစ်တင်း ကျပ်(၆၃၀၀၀)စျေးတို့သာရရှိခဲ့ကာ ယခုရက်ပိုင်းမှာ ပဲစင်းငုံ(နီ) ၂၀ ပိသာတစ်တင်း ကျပ်(၁၃၇၀၀၀)၊ မတ်ပဲ၂၀ ပိသာ တစ်တင်း ကျပ်(၁၀၁၅၀၀)၊ ပဲတီစိမ်း ၂၀ ပိသာတစ်တင်း ကျပ်(၆၇၀၀၀) စျေးတို့ထိ ရရှိခဲ့သည့်အတွက် ပို့ကုန်ပဲများအနည်းငယ် စျေးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News