Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ငရုတ်သီးခြောက် ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မေလအတွင်းက ငရုတ်သီးခြောက် ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ်မှ စားသောက်ကုန်‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ဌေးက ပြောပြ၍ သိရသည်။

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလက ငရုတ်သီးခြောက် ပိဿာချိန် ၅၉၀၀၀ သာ တင်ပို့ရောင်းချခဲ့ရပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လတာကာလအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၇၇၀၀၀ ဈေးရရှိခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့မေလအတွင်း ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ငရုတ်သီးခြောက်ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့နယ်က ထွက်တဲ့ ငရုတ်သီးတွေက အရည်အသွေးကောင်းပြီး တစ်ဆင့်ပြန်လည်ရောင်းချရာမှာ အဆင်ပြေတာကြောင့် ကုန်ပစ္စည်းမှာယူမှုလဲ များပါတယ်။ လက်ရှိ ငရုတ်သီးခြောက်က ၁၀ ပိဿာကို ငွေကျပ် ၇၇၀၀၀ ထိ ဈေးရရှိနေပါတယ်” ဟု ဒေါ်ကြည်ဌေးက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ထွက်ရှိလာသော ငရုတ်သီးများသည် အရည်အသွေးကောင်းမွန်ကြောင်း၊ ထို့ကြောင့် ငရုတ်သီးခြောက်များ တင်ပို့ရောင်းချအားတက်လာခြင်းကြောင့် တောင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များအလုပ်အကိုင်အခွင့်အလမ်း ရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News