Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးခုံးမပိဿာချိန် ၆၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ငါးခုံးမပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖျာပုံမြို့နယ်မှ ငါးခုံးမများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချနေကြောင်း သိရသည်။ “အခုအခြားဒေသတွေထက် ငါးခုံးမကို ရန်ကုန်ဈေးကွက်ထဲ အရင် ထက်ပိုမိုတင်ပို့အားကောင်းနေပါတယ်။ ပြည်တွင်း ငါးစားသုံးမှုများလာတာကြောင့် ရန်ကုန်ဈေးကွက်က အဝယ်လိုက် လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ငါးခုံးမ က ပြီးခဲ့တဲ့လကထက် ရန်ကုန်ဈေးကွက်ကို ပိဿာချိန် ၂၀၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ငါးခုံးမများကို ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့နယ်မှ တစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်း၊ အဆိုပါ ငါးများ နေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News