ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နွေးနွေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဆန်အမျိုးအစားသည် ဆန်ကြမ်းအုပ်စုတွင် ပါဝင်သည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မော်လမြိုင်ကျွန်းမြို့နယ်ကနေ မနောသုခဆန်တွေ အများအပြား ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါဝယ်။ မော် လမြိုင်ကျွန်းမြို့နယ်ကနေ ထွက်ရှိတဲ့ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ မနောသုခဆန်အမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ ဆန်အိတ်တွေကို ကုန်းလမ်းနဲ့ အဓိကထား တင်ပို့ရောင်းချနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နွေးနွေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၁၀၀ လျှင် ငွေကျပ် ၉၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များအရောင်းအဝယ်ကောင်းမွန်လာသည့် အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက် ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ