Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပေါ်ဆန်းဆန်၂၄ ပြည်ဝင်အိတ်ရေ ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပေါ်ဆန်းဆန်၂၄ ပြည်ဝင်အိတ်ရေ ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည် ဒီဇင်ဘာလအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပေါ်ဆန်းဆန်အိတ်ရေ အများအပြား ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဓနုဖြူမြို့နယ်က လယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ ပေါ်ဆန်းဆန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ ပေါ်ဆန်းဆန်ကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်” ဟု ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News