Local News

ကြံခင်းမြို့နယ်ရှိ ပြည်ပပို့ကုန် ပဲတီစိမ်းဈေးကွက်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဆောင်းရာသီ ပဲတီစိမ်းစိုက်ဧက ၈၈၀၀ကျော် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ပဲတီစိမ်းများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြံခင်းမြို့ နယ်တွင် ယခုနှစ် ပဲတီစိမ်းထွက်ပေါ်ချိန်အထိ  ဧက ၆၀၀၀ ကျော် ရိတ်သိမ်းပြီးကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ၁၈ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၉၇၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်ကာလတူပဲတီစိမ်းဈေးနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဈေးနှုန်းပိုမိုရရှိသည့်အတွက် တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ကြံခင်းပဲရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News