ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းသီးနှံကို စိုက်ဧက ၂၂၁၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရသည်။
နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုံ)ကိုအဓိက စိုက်ပျိုးကြပြီး တစ်ဧကလျှင် နှစ်ပြည် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀၀-၂၁၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းစိုက်တောင်သူများ အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၇၀၀၀၀၀ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်များမှတဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm