Local News

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် ပီလောပီနံဥများအရောင်းအဝယ် ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် ဒေသထွက်ပီလောပီနံဥများအရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လှလှဌေးက ပြောပြသည်။ ငပုတောမြို့နယ်တွင် မတ်လဒုတိယပတ်မှစတင်ပြီး မတ်လ ၂၅ ရက်နေ့ထိ ဒေသထွက်ပီလောပီနံဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသတွင် ပီလောပီနံဥ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပီလောပီနံဥတွေ အခုလဒုတိယပတ်လောက်ကနေပြီး သိသိသာသာ အရောင်းအဝယ်ကောင်းနေပါတယ်။ အခုလိုပီလောပီနံဥတွေ အရောင်းအဝယ်ကောင်းမွန်နေတော့ တောင်သူတွေဈေးကောင်းရသလို လယ်ယာလုပ်သားတွေလဲ အဆင်ပြေလာတာတွေ့ရပါတယ်။ ပီလောပီနံဥတွေက ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ အဝယ်လိုက်နေလို့ အရောင်းအဝယ်တွေကောင်းနေတာပါ” ဟု ငပုတောမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လှလှဌေးက ပြောပြသည်။ ငပုတောမြို့နယ်မှ ‌တောင်သူများစိုက်ပျိုးထုတ်လုပ်သည့် ပီလောပီနံဥများသည် အရည်အသွေးကောင်းမွန်ပြီး ပိုးမွှားရောဂါကင်းရှင်းကြောင်း၊ အဆိုပါဒေသထွက် ပီလောပီနံဥများ အရောင်းအဝယ်ကောင်းလာသည့်အတွက် စိုက်ပျိုးသူများ၊ လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News