Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း အုန်းသီးအနုအလုံးရေ ၈၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း အုန်းသီးအနုအလုံးရေ ၈၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြာပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇွန်လအတွင်း အုန်းသီးအနုအလုံးရေ ၅၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း အုန်းသီးအနုအလုံးရေ ၈၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါတင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးအနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်ကထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အုန်းသီးအနုအလုံးရေ ၈၀၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဩဂုတ်လထဲမှာ အုန်းသီးအနုတွေဝယ်ယူအားကောင်းနေပါတယ်။ ဒေသထွက်အုန်းသီးအနုတွေ ဝယ်လိုအားကောင်းလာတဲ့အတွက် စိုက်ပျိုးတဲ့သူတွေအနေနဲ့ အုန်းသီးတွေကို ရင်တဲ့ထိ စောင်းစရာမလိုပဲ ဝင်ငွေရရှိနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် အုန်းသီးရောင်းဝယ်‌ရေး ပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးအနုများပိုမို တင်ပို့ရောင်းချနေရသည့်အတွက် ပွဲရုံပိုင်ရှင်များ၊ အုန်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အဆင်ပြေနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြသည်။

Source: ရတနာပုံသတင်းစာ

Category: Local News