Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၁၈ ) ရက်နေ့မှ ( ၂၂ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅၂၆) သန်း၊ သွင်းကုန်တန်ဖိုးအမေရိ ကန်ဒေါ်လာ (၀.၀၀၃၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၅၆)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ ( ၁၈ ) ရက်နေ့မှ ( ၂၂ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၄၇) သန်း၊ ရွှံ့ဂဏန်း (အရှင်)(၈.၂၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၁၃)သန်း၊ ဂျင်းခရု(အရှင်) (၁၃.၃) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၉)သန်း၊ ဂဏန်း(အသေ) (၈.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၅)သန်း၊ ရေခူဆားနယ် (၁၈.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၇၄)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၄)သန်း၊ ငှက်ပျောသီး (၅၅) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၁၆၂)သန်း၊ ငရုတ်သီးစိမ်း (၁၂.၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၂)သန်း၊ တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈) သန်း၊ ပလတ်စတစ်ခွက် (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ကြွေပြား (၃၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁)သန်းဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၆၂၅.၈) ဒေါ်လာနှုန်း၊ (၇၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၄၇) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၃.၉၄) ဒေါ်လာနှုန်း၊ (၈.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁၃) သန်း၊ ဂျင်းခရု (အရှင်) (၁၄၂၁.၀၅) ဒေါ်လာနှုန်း၊ (၁၃.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၉) သန်း၊ ဂဏန်း (အသေ) (၁၃၂၁.၈၄) ဒေါ်လာနှုန်း၊ (၈.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၅) သန်း၊ ရေခူဆားနယ် (၂၀၀၀) ဒေါ်လာနှုန်း၊ (၁၈.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၄) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၆၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၄) သန်း၊ ငှက်ပျောသီး (၂၉၄.၅၅) ဒေါ်လာနှုန်း၊ (၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၂)သန်း၊ ငရုတ်သီးစိမ်း(၇၆၀.၃၃)ဒေါ်လာနှုန်း၊ (၁၂.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၉၂)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ- သစ်သီး(၂၅၇.၁၄)ဒေါ်လာနှုန်း၊ (၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈)သန်း၊ ပလတ်စတစ်ခွက် (၃၀၀) ဒေါ်လာနှုန်း၊ (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ကြွေပြား (၁)M2  လျှင် (၃.၃၃) ဒေါ်လာနှုန်း၊ (၃၀၀) M2၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁)သန်းဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင်ကုန်ကျစ် (၇၀၀,၀၀၀)ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး(၂၂-၁၀-၂၀၂၃)ရက်နေ့ပြင်ပငွေ လဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၉၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၁.၇၄) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News