Local News

ဧရာဝတီတိုင်း‌ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှ ယနေ့အထိ ကွမ်းရွက်များ ဝယ်ယူအားကောင်းမွန်နေပြီး တစ်ရက်လျှင် ကွမ်းရွက်ပိဿာချိန် ၁၅၀၀ မှ ၅၅၀၀ ထိ ပိဿာချိန် အများအပြား အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “မော်လမြိုင်ကျွန်းမြို့နယ်ဘက်နေ ဖြန့်ဖြူးတင်ပို့ရောင်းချနေတဲ့ကွမ်းရွက်တွေက အရည်အသွေးကောင်းမွန်ပါတယ်။ လတ်ဆက်မှုအပေါ် မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒေသထွက် ကွမ်းရွက်ပိဿာချိန် တော်တော်များများ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။ လက်ရှိလဲ ကွမ်းရွက်တွေ အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ ဒေသထွက် ကွမ်းရွက် တွေ ဝယ်လိုအားကောင်းလာတဲ့အတွက် ကွမ်းစိုက်တဲ့တောင်သူတွေ အဆင်ပြေနေပါတယ်” ဟု သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် ကွမ်းရွက်များကို စနစ်တကျရွေးထုတ်သန့်စင်ပြီး ခြင်းများဖြင့် ထည့်ကာ ဝယ်ယူသည့် ဝယ်လက်များထံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဒေသထွက်ကွမ်းရွက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၁၉၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။                                                                                              

Source: ရတနာပုံသတင်းစာ

Category: Local News