International News

အမေရိကန်သမ္မတ ထရမ့်၏ အခွန်ကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍအတွက် တိုးတက်မှုရှိ လာနိုင်ကြောင်း Krungsri Securities (KSS) ၏ ကျွမ်းကျင်ပညာရှင် Mr. Naruedom Mujjalinkool က သုံးသပ်ပြောကြားခဲ့ခြင်း

Last Updated:

ထိုင်းနိုင်ငံ၌ မော်တော်ယာဉ်အသစ်ဝယ်လိုအား အားနည်းနေရာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ မော်တော်ယာဉ်အခွန်နှုန်းထားအသစ်ကြောင့် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍသည် တိုးတက်မှုရှိလာနိုင်ကြောင်း Krungsri Securities (KSS) ၏ ကျွမ်းကျင် ပညာရှင် Mr. Naruedom Mujjalinkool က သုံးသပ်ပြောကြားခဲ့ပါသည်။

အမေရိကန်ထုတ်လုပ်မှုကို မြှင့်တင်လိုသည့် ဆောင်ရွက်ချက်အနေဖြင့် အမေရိကန်သို့ တင် သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်မည့် ထရမ့်၏ အစီစဉ်ကြောင့် ပြည်တွင်းမော်တော်ယာဉ်ကဏ္ဍသည် အကျုံးဝင်နိုင်ကြောင်း၊ ဦးတည်သည့် နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဂျာမနီတို့ဖြစ်ကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံကို တစ်နေရာရာတွင် ဦးတည် စာရင်းအတွင်း ထည့်သွင်းလာနိုင်သောကြောင့် ဆုံးရှုံးနိုင်ခြေရှိပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုကို သက်ရောက်မှု နည်းနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိ ကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ဖွဲ့စည်းထားသည့် မြောက်အမေရိကသို့ အလုံးစုံတပ်ဆင်ပြီး မော်တော် ယာဉ် အစီးရေ ၉၅,၀၀၀ စီးကို တင်ပို့ပါကြောင်း၊ အမေရိကန်သို့ တင်ပို့သည့် မော်တော်ကား ၅၀ ရာခိုင် နှုန်းအနက် ထိုင်းနိုင်ငံသည် ၄ ရာခိုင်နှုန်းသာပါဝင်ပြီး စုစုပေါင်းမော်တော်ကား ထုတ်လုပ်မှု၏ ၃ ရာခိုင် နှုန်းသာဖြစ်ကြောင်း Mr. Naruedom က ဖြည့်စွက်ပြောကြားခဲ့သည်။

ထရမ့်သည် အခွန်ကို တိုးမြှင့်ခဲ့ပါက တရုတ်နှင့် ဂျပန် မော်တော်ကား ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုအချက်အချာရှိသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် အကျိုးကျေးဇူးရရှိနိုင် ကြောင်း၊ အခွန်နှုန်းထားသည် ယခုနှစ် ဧပြီလတွင် စတင်သက်ရောက်မည်ဟု မှန်းထားသဖြင့် ထိုင်း နိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍကို ကာလတိုတွင် မသက်ရောက်နိုင်ပါကြောင်း၊ မော်တော်ယာဉ်ကဏ္ဍ သည် အမေရိကန်အခွန်၏ သွယ်ဝိုက်သောသက်ရောက်မှုသာ ခံစားရနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် အလုံးစုံတပ်ဆင်ပြီး မော်တော်ယာဉ်များကို အမေရိကန်သို့ မတင်ပို့သော်လည်း ဥရောပတွင် တပ်ဆင် ရန် မော်တော်ယာဉ်အစိတ်အပိုင်းပမာဏများစွာကို တင်ပို့ပါကြောင်း၊ တင်သွင်းမော်တော်ယာဉ်များ အပေါ် တင်သွင်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံပါက ဥရောပ မော်တော်ကားထုတ်လုပ်သူများတွင် သက် ရောက်နိုင်ပြီး ထိုင်းနိုင်ငံအနေဖြင့် သွယ်ဝိုက်ထိခိုက်မှုကို မရှောင်ရှားနိုင်ပါကြောင်း အကြီးတန်း ဒုတိယဥက္ကဋ္ဌ Mr. Ratasak Piriyanont က သုံးသပ်ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News