Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၃-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ(အခွံပါ)၊ ကြက်သွန်နီ၊ ငရုတ်သီး (ခြောက်)၊ ငရုတ်သီး(အစို)၊ နနွင်းတက်၊ ပီလောပီနံနှင့် ဖိနပ် (CMP) များတင်ပို့ခဲ့ပါသည်။ (၂၃-၂-၂၀၂၄) ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ (အခွံပါ)၊ ကြက်သွန်နီ၊ ငရုတ်သီး (ခြောက်)၊ ငရုတ်သီး(အစို)၊ နနွင်းတက်၊ ပီလောပီနံနှင့် ဖိနပ်(CMP)များ ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ စား​သောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာခြင်းကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

(၂၃-၂-၂၀၂၄) ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း (၀.၁၆၇) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၀၆) ဒေါ်လာသန်း၊ သွပ်ပြားပစ္စည်းများ (၀.၀၉၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၂)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၀၃၃)ဒေါ်လာသန်း၊ လေအေးပေးစက်(၀.၀၃၃)ဒေါ်လာသန်း၊ စားသောက်ကုန် ပစ္စည်း(၀.၀၃၂) ဒေါ်လာသန်း၊  တာယာနှင့်ကျွတ်များ (၀.၀၂၆) ဒေါ်လာသန်း နှင့် စက်မှုကုန်ကြမ်း (၀.၀၂၃) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၀၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၅၂)ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက် လျက်ရှိပါသည်။

(၂၃-၂-၂၀၂၄) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ( အခွံပါ)  (၁)တန်လျှင် (၉၆၀.၀၀)ဒေါ်လာဖြင့် (၅၀.၀၀) တန်၊ (၀.၀၄၈) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁ တန်လျှင် (၃၃၁.၅၉) ‌ဒေါ်လာဖြင့် (၆၆၆.၄၈)တန် (၀.၂၂၁) ဒေါ်လာသန်း၊ ငရုတ်သီး (အခြောက်)  ၁တန်လျှင် (၁၅၈၉.၅၉) ဒေါ်လာဖြင့် (၈၈.၀၅၆) တန်လျှင်(၀.၁၄၀)ဒေါ်လာသန်း၊ ငရုတ်သီး (အစို)  ၁တန်လျှင် (၃၃၃.၀၂) ဒေါ်လာဖြင့် (၂၇.၀၂၅) တန်လျှင်(၀.၀၀၉) ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် (၂၀၀.၀၀) ဒေါ်လာဖြင့် (၁၀.၀၀)တန် (၀.၀၀၂)ဒေါ်လာသန်း၊ ပီလောပီနံ (အခြောက်) (၁)တန်လျှင် (၁၅၅.၉၃) ဒေါ်လာဖြင့်(၂၉၅.၀၀)တန် (၀.၀၄၆) ဒေါ်လာသန်းနှင့် ဖိနပ်(၁)တန်လျှင် (၄.၇၆၀) ဒေါ်လာဖြင့် (၁၈၉၀.၀၀) တန် (၀.၀၀၉)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၄၈၅) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၄.၄၄၃) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၄.၉၂၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News