International News

ဧပြီလတွင် ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ကန်ဒေါ်လာ ၂၉ဒသမမ ၄သန်းရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ဧပြီလတွင် ၁၀၉၂၁၉ တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ သန်းတန်ဖိုးရှိခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုးအဆတစ်ရာကျော်တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရသိရသည်။ အပူစွမ်းအင်အတွက် ဝယ်လိုအားတိုးမြင့်လာခြင်းကြောင့် နိုင်ငံအများအပြားတွင် ကျောက်မီးသွေးတင်သွင်းမှုအများဆုံးသောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂.၄၃ သန်းတန်ဖိုးရှိသော ကျောက်မီးသွေး ၅၃၄၀၄ တန်ခန့်တင်သွင်းထားပြီးဖြစ်သည်။

နယ်သာလန်၊ တောင်အာဖရိက၊ ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည်လည်း ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကတင်သွင်းရာနိုင်ငံများဖြစ်ကြသည်။ ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှတွင် ကျောက်မီး‌သွေးအသုံးပြုမှုအများဆုံးသောနိုင်ငံ ၅ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏အဆိုအရ နိုင်ငံအတွင်းရှိ ကျောက်မီးသွေးတန်ချိန်မှာ ၅၀ ဘီလီယံခန့်ရှိသည်ဟုဆိုသည်။

Quang Ninh သည် ဗီယက်နမ်နိုင်ငံ၏ အရေးကြီးဆုံးကျောက်မီးသွေးတွင်းဖြစ်ပြီး ၎င်းကို ၁၈၃၉ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကာ ကျောက်မီးသွေးတန်ချိန် ၈.၇ ဘီလီယံအထိထုတ်လုပ်နိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်သို့ သွားလာရန်လွယ်ကူ၍ ပင်လယ်‌ရေနှင့်နီးသော တည်နေရာကြောင့် ၎င်းသည် ထိပ်တန်းကျောက်မီးသွေးတူးဖော်ရေးနယ်မြေဖြစ်လာခြင်းဖြစ်သည်။

စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အဆိုအရ ကျောက်မီးသွေးဈေးကွက်သည် ယခုမှ ၂၀၃၀ ခုနှစ်အထိတိုးလာမည်ဖြစ်ပြီး တစ်နှစ်လျှင် စီးပွားဖြစ်ကျောက်မီးသွေးတန်ချိန် ၄၃ သန်းမှ ၄၇ သန်းအထိရှိလာမည်ဖြစ်သည်။ ယင်းနောက် ၂၀၃၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အတွင်း တဖြည်းဖြည်းလျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။

ဘိလပ်မြေ၊ သတ္တုနှင့် ဓာတုဗေဒကဲ့သို့သော စီးပွားရေးကဏ္ဍများတွင် လျှပ်စစ်ဓာတ်အားဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၃၀-၂၀၃၅ ခုနှစ်အတွင်း တစ်နှစ်လျှင် ကျောက်မီးသွေးလိုအပ်ချက်မှာ တန်ချိန် ၉၄ သန်းမှ ၁၂၇ သန်းအထိ အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ၂၀၄၅ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၇၃-၇၆ သန်းအထိ တဖြည်းဖြည်းလျော့ကျသွားမည်ဖြစ်သည်။

ပြည်တွင်းတွင် စီးပွားဖြစ်ကျောက်မီးသွေးထုတ်လုပ်မှုသည် ၂၀၂၅-၂၀၃၅ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄၅ သန်းမှ ၄၇ သန်းခန့်ရှိမည်ဖြစ်ပြီး ၂၀၄၅ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄၂ သန်းမှ ၄၄ သန်းအထိ တဖြည်းဖြည်းလျော့ကျလာမည်ဖြစ်သည်။ ဝယ်လိုအားနှင့်ကိုက်ညီစေရန် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၀ သန်းမှ ၈၃သန်းခန့်တင်သွင်းရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။

Source: Vietnamnews.vn

Source: https://www.doca.gov.mm

Category: International News