Local News

ပဲစဉ်းငုံဈေး အနည်းငယ်ကျဆင်းနေ

Last Updated:

အောင်လံကုန်စည်ဒိုင်သို့ ပဲမျိုးစုံနှင့်နှမ်းရောင်စုံတို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံဈေးများမှာ အတက်အကျမငြိမ်သော်လည်း အနည်းငယ်တက်ခြင်း၊ ကျခြင်းသာ ဖြစ်နေပါသည်။ ပဲစဉ်းငုံကို အိန္ဒိယသို့အဓိကတင်ပို့နေပြီး အိန္ဒိယဝယ်လိုအားအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိနေခြင်းဖြစ်ပါသည်။ လတ်တလောတွင် အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံလက်ကျန်ရှိ နေသေးတဲ့အတွက် ဝယ်လိုအားမှာအေးနေပြီး ဈေးနှုန်းလည်းအေးနေကာ အနည်းငယ်ဈေးကျဆင်း နေခြင်းဖြစ်ကြောင်း သိရှိရသည်။ အရောင်းအဝယ်အနေဖြင့် ကုန်စည်ဒိုင်သို့ အဝင်မရှိသလောက် ဖြစ်နေပြီး လှောင်လက်များနှင့် ပွဲရုံများတွင်တောင်သူများအပ်နှံထားသည့် ပဲစဉ်းငုံလက်ကျန်များ သာရှိနေပါသည်။

မေလဆန်းပိုင်းတွင် ပဲစဉ်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်(၈၉၅၀၀) မှ (၉၀၀၀၀) ဈေးရှိပြီး မေလဒုတိယပတ်တွင် ဈေးနှုန်းမပြောင်းလဲဘဲ မေလတတိယပတ်တွင် ပဲစဉ်းငုံ ၂၀ပိဿာ တစ် တင်းလျှင် ကျပ်(၈၉၀၀၀)မှ (၈၈၂၀၀) ဈေးအထိ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

  

 

Category: Local News