Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာ၊ ပဲမျိုးစုံနှင့် ရေထွက်ကုန် ဈေးနှုန်းဈေးကွက်

Last Updated:

၂၀၂၅၊ မေလ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများမှာ မုဒုံမြို့နယ်ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၂၉၂၀၊ ၂၀ ပိဿာ ဝင်ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(အသစ်) ကျပ် ၁၁၄၀၀၀၊ မတ်ပဲ ကျပ် ၉၇၆၀၀၊ ပဲလွန်း ဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုတ်(အသစ်) ကျပ် ၁၁၂၀၀၀၊ မြေပဲ ၁၈၀၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၇၈၀၀၊ ငါးခုံးမ ကျပ် ၆၇၀၀၊ ငါးကြင်း ကျပ် ၈၈၀၀၊ တီလားဗီးယား ကျပ် ၁၂၀၀၀၊ ပလာတူး ကျပ် ၄၅၀၀၊ ပလာလန်း ကျပ် ၇၆၀၀၊ ရွှေငါး ကျပ် ၆၂၀၀၊ ငါးကွန်းရှပ် ကျပ် ၁၆၀၀၀၊ ငါးရွေးကြီး ကျပ် ၁၅၅၀၀၊ ငါးပျက် ကျပ် ၈၅၀၀၊ ရေချို ပုဇွန်ထုပ်(စိမ်း)အငယ် ကျပ် ၆၂၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။ ရေချိုပုဇွန်ထုပ် (စိမ်း) အကြီးနှင့် ရေချိုပုဇွန်ထုပ်(စိမ်း)အလတ်မှာ ပစ္စည်းလက်ကျန်​မရှိသည့်အတွက်​ စျေဖွင့်လှစ်နိုင်ခြင်းမရှိပါ။

​မေလ ၁၆ ရက်နှင့် ‌ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား)တစ်​ပေါင်လျင်‌ ၂၀ ကျပ် ဈေးတက်နေ​ကြောင်း၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် မတ်ပဲတစ်တင်း ၂၀၀ ကျပ်၊ စျေး ကျနေပြီး ကျန်ပဲများအားလုံးစျေးနှုန်းမပြောင်းဘဲ တည်ငြိမ်​နေ​ကြောင်း၊ ရေထွက်ကုန်နှင့် ရေချို ပုဇွန်ထုပ်များလည်း အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းအတက်/အကျ ဖြစ်ပေါ်နေ​ကြောင်း သိရှိ ရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News