Local News

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဩဂုတ်လ(ပထမပတ်)တွင် ငွေကျပ် (၃၀၀၀-၃၅၀၀)များဖြင့်လည်းကောင်း၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ငွေကျပ် (၄၅၀၀-၅၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ(တတိယပတ်) တွင် ငွေကျပ် (၈၀၀၀-၈၅၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Source: https://www.doca.gov.mm

Category: Local News