Local News

ဆန်ဈေးနှုန်းနှင့် ပဲမျိုးစုံဈေးနှုန်းများ

Last Updated:

မော်လမြိုင်မြို့တွင် မေလနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော ဆန်နှင့် ပဲမျိုးစုံဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန်အသစ်တစ်အိတ် အမြင့်ဆုံး‌ဈေး ၁၂၅၀၀၀ ကျပ်၊ အနိမ့်ဆုံးဈေး ၁၂၂၀၀၀ ကျပ်၊ ပေါ်ကျွဲဆန်အသစ်တစ်အိတ် အမြင့်ဆုံးဈေး ၁၁၀၀၀၀ ကျပ်၊ အနိမ့်ဆုံးဈေး ၁၀၇၀၀၀ ကျပ်၊ ဧည့်မထဆန်အသစ်တစ်အိတ် အမြင့်ဆုံးဈေး ၈၃၀၀၀ ကျပ်၊ အနိမ့်ဆုံးဈေး ၇၉၀၀၀ ကျပ်နှင့် ပဲတီစိမ်း(ရွှေဝါ)တစ်တင်း ၇၂၀၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၆၇၀၀၀ ကျပ်၊ မတ်ပဲ တစ်တင်း ၁၀၄၅၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်တင်း ၆၆၀၀၀ ကျပ်၊ ဘိုကိတ်တစ်တင်း ၇၀၀၀၀ ကျပ်၊ မြေပဲတစ်တင်း ၁၅၀၀၀၀ ကျပ်တို့ဖြစ်ပြီး မေလတတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ပဲမျိုးစုံဈေးနှုန်းများမှ ပဲတီစိမ်း (ရွှေဝါ)၊ ပဲတီစိမ်းနှင့် မတ်ပဲ ဈေးအနည်းငယ် အတက်ရှိကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News