International News

ဗီယက်နမ်-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးအတွက် ကြီးမားသော အခန်းကဏ္ဍဆက်လက်ရှိနေ

Last Updated:

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံအတွက် ကြီးမားသောအခန်းကဏ္ဍရှိနေသေးကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်များပြောကြား ချက်အရသိရပါသည်။

အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Shi Zhong Jun က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ဗျူဟာမြောက် ညွှန်ကြားမှုများအောက်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည်  နယ်ပယ်အစုံတွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်၊ Shi က လတ်တလောနှစ်များအတွင်း နှစ်နိုင်ကြားပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်းနှင့် အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်တွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏အာဆီယံနိုင်ငံများထဲတွင် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး လတ်တလောတွင်လည်းများစွာသော တရုတ်လုပ်ငန်းရှင်များသည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များရှိကြောင်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံပြည်သူများကြားပညာရေး၊ လူငယ်နှင့်ခရီးသွားကဏ္ဍတို့တွင် အပြန်အလှန်နှီးနှောဖလှယ်ခြင်းတို့သည်လည်း အားကောင်းလာသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေကြောင်းပြောကြားခဲ့ပါသည်။

နှစ်ဖက်စလုံးသည် နယ်ပယ်အားလုံးတွင် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းရန်ရည်ရွယ်၍ နှစ်နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များအကြား ရရှိခဲ့ပြီးဖြစ်သည့် သဘောတူညီချက်များအား ထိရောက်စွာအကောင်အထည်ဖော်လျက်ရှိကြောင်းသိရပါသည်။ တရုတ်-အာဆီယံစီးပွားကောင်စီဥက္ကဋ္ဌနှင့် ဒေသတွင်းကျယ်ပြန့်သော စီးပွားရေးမိတ်ဖက် စက်မှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ဥက္ကဋ္ဌဖြစ်သူ Xu Ningning က နှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့ကိုမြှင့်တင်ရန် ကြီးမားသည့်အခန်းကဏ္ဍရှိနေသေးသည်ဟု ယုံကြည်ကြောင်းနှင့် တရုတ်စီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခွင့်အလမ်းသစ်များနှင့်ပတ်သက်၍ အလွန်အကောင်းမြင်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ Xu သည် လတ်တလောတွင် တရုတ်စီးပွာရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ခန့်ကိုဦးဆောင်၍ ဗီယက်နမ်သို့ အလည်အပတ်ခရီးသွားရောက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါခရီးစဉ်အတွင်း ဆွေးနွေးပြောဆိုရာတွင် နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းရှင်များသည် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟုသိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်၊ အကြီးမားဆုံးတင်သွင်းရာဈေးကွက်နှင့် ဒုတိယအကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ကြောင်းသိရပါသည်။ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁.၉ဘီလီယံရှိပြီး ၂၀၂၄၏ပထမ(၇) လတွင် အမေရိကန်ဒေါ်လာ ၁၁၂.၆ဘီလီယံရှိကြောင်းသိရပါသည်။

Source: vietnan

Source: https://www.doca.gov.mm

Category: International News