International News

အီတလီသည် ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုအတွက် ထိပ်တန်းနေရာအဖြစ်ရပ်တည်

Last Updated:

အီတလီသည် ယူဂန်ဒါကော်ဖီကို ထိပ်တန်းတင်သွင်းသူအဖြစ် ဆက်လက်လွှမ်းမိုးထားပြီး  ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုမဟာဗျူဟာတွင် ရေးပါသောအခန်းကဏ္ဍမှ အားဖြည့်ပါဝင်ခဲ့သည်။၂၀၂၄ ဇူလိုင်လတွင် အီတလီမှတင်သွင်းမှုသည် ယူဂန်ဒါကော်ဖီတင်ပို့မှုစုစုပေါင်း၏ ၄၀.၆၈ ရာခိုင်နှုန်းရှိခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ၃၃၄၂၅၂ အိတ်ရှိကြောင်းသိရသည်၊ အီတလီနောက်တွင် ဂျာမဏီနိုင်ငံသည် ယူဂန်ဒါကော်ဖီတင်ပို့မှုစုစုပေါင်း၏ ၁၅.၇ ရာခိုင်နှုန်းကို နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁၂၉၃၈၇ အိတ်ရှိကာ ယူဂန်ဒါ၏ ဒုတိယအကြီးဆုံး ကော်ဖီတင်သွင်းသူအဖြစ် ရပ်တည်နေခဲ့သည်။ ဆူဒန်၊ အိန္ဒိယနှင့် နယ်သာလန်တို့သည် အဓိကဈေးကွက်များဖြစ်ပြီး ၅.၄၁ ရာခိုင်နှုန်း(၄၄၄၂၉ အိတ်)၊ ၅.၂၆ ရာခိုင်နှုန်း (၄၃၂၁၁ အိတ်)နှင့် ၄.၁၄ ရာခိုင်နှုန်း (၃၄၀၄၃ အိတ်)အသီးသီးတင်သွင်းခဲ့ကြသည်။

ဥရောပတစ်ခုလုံးသည် ယူဂန်ဒါကော်ဖီအတွက် အဓိကဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၇၂ ရာခိုင်နှုန်းသည် ဥရောပသို့စီးဆင်းလျက်ရှိကြောင်းသိရသည်၊ ၎င်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၆၉ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ပြီး ဥရောပမှ ယူဂန်ဒါကော်ဖီစားသုံးမှုတိုးမြင့်လာခြင်းကိုပြသနေခြင်းဖြစ်သည်၊ အာဖရိကသည် ယူဂန်ဒါကော်ဖီတင်ပို့မှု၏ ၁၄ ရာခိုင်နှုန်းကိုရရှိပြီး ဒေသတွင်းဝယ်လိုအားကို ပိုမိုအလေးပေးခဲ့သည်၊ စဉ်ဆက်မပြတ်သော အရည်အသွေးမြှင့်တင်မှုများနှင့် ပစ်မှတ်ထားသော ပရိုမိုရှင်းလုပ်ရှားမှုများမှတစ်ဆင့် ဤအဓိကဈေးကွက်များတွင် ယူဂန်ဒါ၏တည်ရှိမှုကို ဆက်လက်ပံ့ပိုးသွားမည်ဟု  UCDA မှ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ယူဂန်ဒါကော်ဖီတင်ပို့မှု၏ စွမ်းဆောင်ရည်သည် ကမ္ဘာ့ကော်ဖီလုပ်ငန်းတွင် နိုင်ငံ၏လွှမ်းမိုးမှုကိုသက်သေပြခဲ့ပြီး လာမည့်လများအတွက် အကောင်းမြင်သော ခန့်မှန်းချက်များနှင့်အတူ ကမ္ဘာ့ဝယ်လိုအားတိုးလာနေသောကြောင့် ယူဂန်ဒါကော်ဖီသည် ကောင်းမွန်သောဈေးကွက်အခြေအနေများလည်းရရှိရန် အလားအလာရှိကြောင်းသိရသည်။ 

Source: chimpreports

Source: https://www.doca.gov.mm

Category: International News