Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း ကျောင်းကုန်းမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုထွေးက ပြောပြသည်။ ကျောင်းကုန်းမြို့နယ် တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိကုလားပဲများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ကုလားပဲများတစ်ပတ်လျှင် ၁၆ ပြည်ဝင် အိတ်ရေ ၃၅၀၀၀ မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကုလားပဲတွေက အရင်ထက် တော်တော်လေး အရောင်းအဝယ်ဖြစ်လာပါတယ်။ လက်ရှိ အရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲတွေက ဆောင်းကာလကျန်တဲ့ပဲ အဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့တွေသူအလုပ်အကိုင်အခွင့်အလမ်း ရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူမှုအားကောင်းလာတာပါ” ဟု ကျောင်းကုန်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေးက ပြောပြ သည်။ ကျောင်းကုန်းမြို့နယ်တွင် ကုလားပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့် ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ကျောင်းကုန်းမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေးထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News