International News

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွိုင်ဟွမြို့သည် အရှေ့တောင်အာရှမှ သစ်သီးများ တင်သွင်းမှုအတွက် Cold Chain Rail Hub ကို ဖွင့်လှစ်လိုက်ပြီဖြစ်

Last Updated:

လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမှ သစ်သီးများကို တင်ဆောင်လာသော အအေးခန်း ကုန်တင်ရထားသည် တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ Huaihua International Land Port သို့ ဇန်နဝါရီလ(၁)ရက်နေ့တွင် ရောက်ရှိလာကြောင်း၊ ၎င်းသည် ဟွိုင်ဟွမြို့တွင် အအေးခန်း ကွင်းဆက်ရထားလမ်းကြောင်းကို စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကုန်ချမှုနှင့် ဖြန့်ဖြူးမှု လုပ်ငန်းစွမ်းရည်များကို သိသိသာသာ အဆင့်မြှင့်ထားကြောင်း သိရှိရပါသည်။

Tianhuilong (Hunan) International Trade Company သည် ပထမဆုံးရထားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း၊ ငှက်ပျောသီးများအပါအဝင် လတ်ဆတ်သော သစ်သီးဝလံများကို ဗီယင်ကျန်းမြို့သို့ ကားလမ်းဖြင့် ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်-လာအိုရထားလမ်းကြောင်းဖြင့် ဟွိုင်ဟွမြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါတင်ပို့မှုသည် စုစုပေါင်း (၁၆၉.၈)မက်ထရစ်တန် အလေးချိန်ရှိသော အအေး ခန်းကွန်တိန်နာ (၈)လုံး၊ တန်ဖိုးအားဖြင့် တရုတ်ယွမ်(၁.၁၃)သန်း (အမေရိကန်ဒေါ်လာ ၁၅၄,၅၀၀) ကျော်ရှိကြောင်း သိရှိရသည်။

ဒုတိယအကြိမ်တင်ပို့သည့် အအေးခန်းကွန်တိန်နာ(၄၃)လုံးတွင် သစ်သီး မက်ထရစ်တန် (၉၅၀)ခန့် ပါဝင်ကာ Huaihua International Land Port သို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ ကွန်တိန်နာများတွင် လာအိုနိုင်ငံမှ ငှက်ပျောသီးနှင့် ထိုင်းနိုင်ငံမှ လောင်ဂန်သီးများ ပါဝင်ကာ ထိုင်းနိုင်ငံမှ လောင်ဂန်သီးများကို ဘန်ကောက်မြို့မှ ဗီယင်ကျန်းမြို့ သို့ ကားလမ်းဖြင့် ပို့ဆောင်ခဲ့ပြီး ဟွိုင်ဟွမြို့သို့ ရထားလမ်းဖြင့် ငါးရက်အတွင်းအပြီး ပို့ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ နဂါးမောက်သီးနှင့် လောင်ဂန်သီးစသည့် အရှေ့ တောင်အာရှမှသစ်သီးမျိုးစုံကို ပင်လယ်/ရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော် ရထားလမ်းများမှ တစ်ဆင့် ဟွိုင်ဟွမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဟွိုင်ဟွမြို့သည် တင်သွင်းလာသော သစ်သီး များကို ပေကျင်း၊ ဟန်ကျိုး၊ ကျန်းကျိုး၊ ရှီအန်းနှင့် ချန်ရှားမြို့ အပါအဝင် အဓိကမြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး သစ်သီးတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ကုန်သွယ်မှုဗဟိုချက်ဖြစ် လာရန် အဆင်သင့်ဖြစ်နေကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News