International News

အင်ဒိုနီးရှားမှ ဒူဘိုင်းသို့ အမေရိကန်ဒေါ်လာ၃၅၀၀၀၀တန်ဖိုးရှိသော အထည်အလိပ်များတင်ပို့

Last Updated:

အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ PT Mahugi Jaya Sehahtern မှထုတ်လုပ်သော ပြည်တွင်းအထည်အလိပ်ထုတ်ကုန်များကို ဒူဘိုင်းသို့တင်ပို့‌ရောင်းချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၃၅၀၀၀၀အထိရှိကြောင်းသိရသည်။ “အထည်အလိပ်ထုတ်ကုန်တွေကို ဒူဘိုင်းနဲ့ အခြားအရှေ့အလယ်ပိုင်းနိုင်ငံအချို့ဆီတင်ပို့ဖို့ ကုမ္ပဏီကလုပ်ဆောင်ခဲ့သည့် ခြေလှမ်းတွေကိုအသိအမှတ်ပြုပါတယ်။ အထည်အလိပ် ကွန်တိန်နာ (၃)ပုံးကိုတင်ပို့လိုက်နိုင်တာကိုလည်း ကျေးဇူးတင်မိပါတယ်” ဟု ဓာတုစက်မှုလုပ်ငန်း၊ ဆေးဝါးနှင့်အထည်အလိပ်လုပ်ငန်းမှ ယာယီညွှန်ကြားရေးမှူးချုပ် Taufick Bawazier က အင်္ဂါနေ့၌ အနောက်ဘန်ဒေါင်းတွင် ကျင်းပပြုလုပ်သည့် လွှတ်တင်ခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေသတွင်းသို့ အထည်အလိပ်တင်ပို့မှုသည် စုစုပေါင်းပြည်ပတင်ပို့မှု၏ ၅.၄ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၅၃ သန်းတန်ဖိုးရှိကာ ဈေးကွက်ဝေစု ၁.၅ ရာခိုင်နှုန်းသာရှိကြောင်း ၎င်းကမှတ်ချက်ပြုသည်။ ဤကိန်းဂဏန်းသည် တရုတ်နိုင်ငံမှဈေးကွက်ရှယ်ယာ ၃၈.၃ ရာခိုင်နှုန်းနှင့် အိန္ဒိယဈေးကွက်ရှယ်ယာ ၂၁.၄ ရာခိုင်နှုန်းတို့နှင့်နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေသေးသည်။ ထို့ကြောင့် အင်ဒိုနီးရှားကုမ္ပဏီတစ်ခုမှတင်ပို့သည့် ပို့ကုန်များသည် ပြည်တွင်းအထည်အလိပ်ထုတ်ကုန်များတင်ပို့မှုတိုးမြှင့်လာစေရန် ရှေ့ဆောင်လုပ်ငန်းတစ်ခုဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

အထည်အလိပ်လုပ်ငန်းသည် ပို့ကုန်ဝယ်လိုအားမြင့်မားမှုကြောင့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ထုတ်လုပ်မှုများကိုတိုးမြှင့်လာသည်ဟု စက်မှုဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ဤသို့တိုးမြှင့်လာမှုသည် စီးပွားရေးတိုးတက်မှုအတွက် စီမံဆောင်ရွက်ပေးသည့် စက်မှုလုပ်ငန်းများ၏ ပံ့ပိုးကူညီမှုကိုလည်း အထောက်အကူဖြစ်စေကြောင်းသိရှိရပါသည်။

Source: Antaranews.com

Source: https://www.doca.gov.mm

Category: International News