Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ထိုင်းဘေးကျားဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ထိုင်းဘေးကျားဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လင်းလင်းက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ်အောက်တိုဘာလအတွင်းက ထိုင်းဘေးကျားဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ထိုင်းဘေးကျား ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မော်လမြိုင်ကျွန်းမြို့နယ်ကနေ နိုဝင်ဘာလအတွင်း ထိုင်းဘေးကျားဆန်အမျိုးအစား အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်း ချခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများ ဆုံး တင်ပို့ရောင်းချနေပါတယ်။ ထိုင်းဘေးကျားဆန် အမျိုးအစားက ဆန်ကြမ်းအုပ်စုထဲမှာပါတဲ့ ဆန်အမျိုးအစားဖြစ် ပါတယ်။ အဲဒီဆန်တွေကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှု များပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိပြည်တွင်း ဆန်း၊ စပါးဈေးကွက်မှာကို ထိုင်းဘေးကျားဆန်အမျိုးအစားက အဝယ်လိုက်နေတာဖြစ်ပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လင်းလင်းက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ထိုင်းဘေးကျားဆန် ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေ ကျပ် ၇၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လင်းလင်းထံ မှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News