Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဧပြီလပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်သည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ ဈေးငြိမ်၍ နှမ်းညိုဈေး အနည်းငယ်ကျဆင်းနေပြီး နှမ်းနက်နှင့် နှမ်းဖြူဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။ ဧပြီလပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၁၀၀၀) ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၁၉၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၀၀၀၀) ကျပ်ရှိ၍ ယခင်အပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၂၀၀၀)ကျပ် ကျဆင်းနေပြီး နှမ်းနက် တစ်တင်းလျှင် (၅၀၀၀) ကျပ်နှင့် နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀) ကျပ် မြင့်တက်နေကြောင်းသိရသည်။

ဧပြီလပထမပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၁၀၀-၇၂၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်ရှိပြီး  ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၀၀၀-၇၂၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၃၀၀-၆၅၀၀)ကျပ်၊ မြေပဲဆီ ဆန်ဖြူ တစ်ပိဿာ(၆၂၀၀-၆၃၀၀)ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ ငြိမ်နေ ကြောင်း သိရသည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၈၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၆၃၀ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News